Thursday, December 31, 2015

MTK Droid Tool ဖြင့် ထုတ် ပြီးရလာသော file များ မစုံပါ က

MTK Droid Tool ဖြင့် ထုတ် ပြီးရလာသော file များ မစုံပါ က
==========================================
ဟိုနေ့ ကရှင်းပြ ပြီးသားပါ လက်တွေ့ မကျ မှာ စိုးလို့ သိသလောက်လေး ထပ်ဖောကြည့်မယ် မစုံတဲ့ ဖိုင်တွေ ကို adb command နဲ့ ထုတ် ဖို့ adb folder လေး လိုပါတယ် ရှိပြီးသားဖြစ်မှာပါ root access လိုပါမယ် adb command လေးတွေ ကြည့်ရေးတတ်ရင် ရပြီ
လိုအပ်တဲ့ command တွေ က
ပထမ ဦးဆုံး
adb devices
adb shell
su
ls /dev/block
Copy ယူမယ့် block တွေ့ရင် ( ထုတ်မယ့် ဖိုင်ရဲ့ block ဘယ် လိုသိရမလဲ mtk droidtool နဲ့ ကြည့်ပါ မယ် mtk droidtool နှင့် ချိတ်ပြီးအနေအထားမှာ Blocks Map ကိုနှိပ် ပါ အောက်မှာ ပုံပြထားပါတယ် Blocks Map ကိုနှိပ်ပြီးပါက Block info ဆိုတဲ့ Box တစ်ခု ကျလာပါမယ် ထုတ် ချင်တဲ့ Block ကိုကြည့်လို့ရပါပြီ ကျွန်တော် ကတော့ userdata နဲ့ cache ဖိုင် ထုတ်ပြပါမယ် ပုံမှာ userdata ရဲ့ block map က mmcblk0p7 : cache ရဲ့ block map က mmcblk0p6 ပါ block map တွေ သိရပြီ ဆိုတော့ adb command သုံးပြီး စထုတ်ပါမယ် )

cat space bar ခြားပါ ပြီးရင် /dev/block/mmcblk0p7 space bar ခြားပါ > space bar ခြားပါ /sdcard/mmcblk0p7.img
အကုန်လုံးပေါင်း လို့ ဖြစ်သွားမယ့် command က
cat /dev/block/mmcblk0p7 > /sdcard/mmcblk0p7.img (userdata ကိုထုတ်တာပါ)
enter ခေါက်လိုက်ပါ
cache ကို ထုတ်မယ်ဆိုရင်တော့
cat /dev/block/mmcblk0p6 > /sdcard/mmcblk0p6.img
enter ခေါက်လိုက်ပါ
ဖုန်း sd card ထဲ မှာ block map တွေနဲ့ img file ရောက် နေပါမယ် ဒါဆိုရင် ကိုလိုချင်တဲ့ mmcblk0p7 ကို rename userdata.img ပြောင်းပေး
mmcblk0p6 ကို cache.img ပြောင်းပေးလိုက်ပါ ဒါတော့ သိမယ်ထင်ပါတယ်
ဒါဆို ထုတ်ထားတဲ့ userdata နဲ့ cache ကို mtk droid tool နဲ့ ထုတ်ထားတဲ့ firmware file ထဲ ကိုကူးထည့်လိုက်ပါ SP flashtool ဖွင့် scatter ရွေးပေးကြည့်ပါ တစ်ချို့ က တန်းပြီး userdata cache ပါပေမဲ့ တန်းမပေါ်ခဲ့ ရင် firmware file ထဲ က scatter ကို ပြင်ရပါမယ် ( မသေချာပါက ဘေးမှာ scatter.txt ကို copy ကူးပြီး အရင်ပြင်ပါ ကျွန်တော်ထုတ်ထားတဲ့ ဖုန်းမှာတော့ scatter file ကို flashtool မှာရွေးပေးတာ userdata မပါ လာသေးပြန်ဘူး ခုနတော့ထုတ်ထားတဲ့ ဟာ firmware file ထဲ ထည့်ပေးထားတာပဲလေ ဒါဆို scatter file ကို ဖွင့်ကြည့် ကြတာပေါ့ scatter မှာ ကြည့်တော့ Userdata file name: data.img is_download: true ဆိုတော့ (အောက်မှာ ပုံပြထားပါတယ်) အရင် က block ထုတ်တုန်းက ပေးထားတဲ့ userdata.img (firmware file ထဲမှ) ကို data.img လေးပြောင်းပေးလိုက်ပါတယ် ပြီးရင် SP flashtool မှာ scatter-loading လေး ပြန်ရွေးပေးလိုက်တော့ userdata ပါ ပါလာပါပြီး ပုံတွင်ကြည့်ပါ
LCD ဖြူ တာ ဘာညာ ကတော့ UBOOT.img ဒါမှ မဟုတ် lk.img ကြောင့် ပါ LCD ဖြူတာ ကို တော့ ကိုယ်တိုင်ကြိုးစား ပြီး လုပ်ကြည့်ပါ
အဆင်ပြေကြပါစေ....
အမှားပါခဲ့ ရင်ထောက်ပြပေးစေလိုပါတယ်
ပုံလေးတွေတော့ ဝါးနေပါတယ် ကျနော်ဖုန်း ကင်မရာ မကောင်းတော့လို့ပါ အသစ်လဲ ဝယ်နိုင်သေး ဘူးရယ် (အချို အချောင်လဲ မရ ဘူးရယ် )
ဘဝဆိုတာ မာယာ
*ပထမ အဆင့် adb shell
su လုပ်ဖို့ မမေ့ပါနဲ့*


Credit to Kyaw Zay Ya

No comments:

Post a Comment