Friday, June 12, 2015

Windows 7 မှာ Recovery Partition ဖန်တီးပြီး Windows ခွေမလိုပဲ Recovery or Windows Install လုပ်နိုင်အောင်ပြုလုပ်ခြင်း

Windows 7 မှာ Recovery Partition ဖန်တီးပြီး Windows ခွေမလိုပဲ Recovery or Windows Install လုပ်နိုင်အောင်ပြုလုပ်ခြင်း
================================================
သိပြီးသူများကျော်သွားကြပါရန်တောင်းပန်ပါတယ်..
ဒီ Post လေးက ကို Soe Thu Aung မေးထားတဲ့ မေးခွန်းလေးရဲ့ အဖြေဆိုလဲ မမှားပါဘူးဗျာ။ ကျွန်တော် လက်ရှိ သုံးနေတဲ့ နည်းလမ်းလေးလဲ ဖြစ်ပါတယ်။ ပြုလုပ်ရတာလဲ လွယ်ကူပါတယ်။ Windows 7 မှာ Recovery Partition ကို ဖန်တီး တာဟာ ဘာတွေ ကောင်းသလဲဆိုတော့
၁. Error တစ်ခုခု ဖြစ်လို့ Windows မတက်နိုင်တော့တဲအခါမှာ Windows ခွေမလိုပဲ ပြန်လည် Recovery ပြုလုပ်နိုင်ခြင်း
၂. Windows အသစ်တင်ချင်ပေမယ့် Windows ခွေရှာမတွေ့လို့ မတင်ရတဲ့ ပြဿနာ မှ ကင်းခြင်း
၃.Windows တင်ဖို့ရန် CD or DVD Drive Lens ကောင်းမကောင်း ပူစရာမလိုခြင်း
၎.Windows ခွေ ထစ်နေလို့ Windows တင်မရတဲ့ ပြဿနာ မှ ကင်းရှင်းခြင်း
၅.Windows ခွေ အလွယ်တကူ ၀ယ်လို့မရသော်လဲ စိတ်ပူစရာမလိုခြင်း
စသဖြင့် သူ့ရဲ့ ကောင်းကျိုးတွေရှိပါတယ်။ ကဲလက်တွေ့စလိုက်ကြရအောင်ပါ။
ကျွန်တော်ကတော့ Windows 7 Ultimate 32 bit ကို Recovery Partition ပြုလုပ်တဲ့နည်းကို ပြသွားမှာဖြစ်ပါတယ်။
၁.Hard Disk မှာ Recovery အတွက် Partition တစ်ခု ပြုလုပ်ခြင်း။
ပထမဆုံး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ diskmgmt.msc လို့ရိုက်ပြီး Disk Manager ကိုခေါ်လိုက်ပါ။
Disk Manager မှာ Shirk Volume ပြုလုပ်လိုက်ပါ။ပြုလုပ်ထားတဲ့ Partition ကို NTFS နဲ့Format လုပ်ပြီး Drive Latter ကို X လိုပြောင်းထားပါ။(ကျွန်တော်ကတော့ C: ကို Shirk Volume ပြုလုပ်တဲ့ ပုံလေးနဲ့ပြထားပါတယ်။)
Pattition တစ်ခုကို အဆင်ပြေစွာ ပြုလုပ်ပြီးပြီလို့ သတ်မှတ်လိုက်ပါမယ်။(မလုပ်တတ်ဘူးဆိုရင်လဲ ပုံတဲ့ ကအတိုင်း လုပ်သွားပါ။ တဆင့်ခြင်းစီ ပြထားပါတယ်။)
၂. လိုအပ်တဲ့ Data များကိုကူးယူ ခြင်းပြုလုပ်ရပါမယ်။CD Drive ထဲကို Windows ခွေထည့်ပြီး ခွေထဲရှိ အရာများ အားလုံးကို စောစော က ပြုလုပ်ခဲ့ တဲ့ Partition အသစ်အောက်ကို ကူးလိုက်ပါ။ အကယ်လို့ ခွေမရှိဘူး ISO ဖိုင်ပဲရှိတယ်ဆိုရင် WinRAR, 7Zip တို့လို Archiver တစ်ခုခု ကိုသုံးပြီးတော့ Recovery ပြုလုပ်ဖို့ထားတဲ့ Partition ထဲကိုကို Extract လုပ်လိုက်ပါ။(Folder အသစ်မဆောက်ပဲ Root အောက်မှာပဲ ကူးဖို့လိုပါမယ်။)
၃. ပြီးရင်တော့ Boot Manager ကို Edit ပြုလုပ်ကြရတော့မှာဖြစ်ပါတယ်။ CMD ကိုသုံးပြီး ပြုလုပ်တဲ့ နည်း နှင့် Utility ကိုသုံးပြီး ပြုလုပ်တဲ့နည်း နှစ်မျိုးရှိပါတယ်။ CMD ကိုသုံးပြီးပြုလုပ်တဲ့ နည်းက သာမာန် အသုံးပြုသူတွေအတွက် မျက်စိလည်သွားမှာစိုးလို့ Utility ကိုသုံးပြီး ပြုလုပ်တဲ့ နည်းကိုပဲ ပြောပြသွားပါမယ်။ Desktop ပေါ်မှာရှိတဲ့ Easy BCD 2.2 ကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ(Easy BCD 2.2 ကို အောက်မှာ ဒေါင်းနိုင်ရန် link ပေးထားပါတယ်။) Easy BCD 2.2 ပေါ်လာရင်တော့ Add New Entry Button ကို နှိပ်လိုက်ပါ။ပြီးရင်တော့ WinPE ဆိုတဲ့ Tab ကိုရောက်အောင်သွားပါ။ အဲဒီ အောက်က Name ဆိုတဲ့ အကွက်မှာ Recovery လိုရိုက်ပါ(မိမိကြိုက်တဲ့နံမည်နဲ့ရိုက်နိုင်ပါတယ်။ Boot Menu မှာ တော့ ပေးထားတဲ့ နံမည်နဲ့ ပေါ်လာမှာပါ။) ပြီးတော့ အောက်က Path: မှာလဲ X:\sources\boot.wim ကိုရွေးပေးထားပါတယ်။(ပြုလုပ်ခဲ့တဲ့ Partition Drive Latter က X: မဟုတ်ပဲ G: ဆိုရင် G:\sources\boot.wim ပေါ့ဗျာ။) ရွေးပြီးသွားရင်တော့ အောက်နားက Add Entry ကိုနှိပ်လိုက်ပါ။ အောက်ခြေနားမှာ “Recovery added to the boot menu successfully!” လိုပေါ်လာရင်တော့ လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။ စက်ကို Restart ချလိုက်တာနဲ့ Windows Boot Manager Option မှာ Windows 7 [EMS Enable] နဲ့ Recovery(ကျွန်တော်ပေးထားတဲ့ နံမည်) ဆိုပြီး နှစ်ခု တက်နေမှာပါ Recovery သို့ Windows Install ပြုလုပ်ချင်တယ် ဆိုရင်တော့ Recovery ကို Select လုပ်ပြီးတော့ Enter နှိပ်လိုက်တာနဲ့ Recovery or Windows Install ကို စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဘယ် key ကိုမှ မနှိပ်ပဲထားလိုက်ရင်တော့ စက္ကန့် 30 ကျော်သွားတာနဲ့ပုံမှန် အတိုင်း Windows တက်ပေးသွားမှာပါ။ ဒါကိုလဲ Easy BCD 2.2 ရဲ့ Edit Boot Menu မှာ ကြာချိန်တို့ကို ပြုပြင်နိုင်ပါတယ်။ My Computer မှာ Recovery ဆိုတဲ့ Partition ကြီးက မျက်စိရှုပ်တယ်ဆိုရင်လဲ Registry မှာ ဖျောက်ထားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။အမှားများ ပါသွားခဲ့ရင်လဲ ကျွန်တော့်ရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။
Easy BCD v2.2 Setup in Drop Box.
https://www.dropbox.com/s/1ca5hmag6cba…/EasyBCD%20_v2.2.zip…
Easy BCD v2.2 Setup in Google Drive.
https://docs.google.com/…/0B9DN7Uu4isbySHh4Z3p6dEcwNUE/edit…

No comments:

Post a Comment